Myanmar 2020

Innovative Real Estate Ecosystem Portal
New Launches


New Launch Developments Listing

Showing 323 properties Pages : 1 of 32

Diamond Inya Palace

Condo

မရမ်းကုန်း|ရန်ကုန်တိုင်းဒေသကြီး

Diamond Inya Palace Condominium ကို ရန်ကုန် မြို့၊ မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်းမပေါ်က မြေ(၂)ဧက အကျယ်အ၀န်းပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါ တယ်။ အထပ်အမြင့် စုစုပေါင်း(၃၃)ထပ်နဲ့ တည်ဆောက်သွား မှာဖြစ် ပြီး အခန်းစုစုပေါင်း (၃၇၆) ခန်းပါဝင်ကာ Penthouse အခန်း(၈)ခန်းကိုပါ ထည့်သွင်း တည်ဆောက်ထားပါတယ်။ တည်ဆောက်ပုံ နှင့် အခန်းအမျိုးအစားများ အဆောက်အအုံတစ်ခုလုံးကို Foundation အဖြစ် Bored Piles နဲ့ Concrete Piles အမျိုးအစားတွေနဲ့ ပြုလုပ် ထားပါတယ်။ Substructure နှဲ့Superstructure တွေကိုတော့ Reinforced Concrete Frameword နဲ့ Steel Frame တွေကို သုံးထားပါတယ်။ အမိုးကတော့ RC Flat Roof အမျိုးအစား ဖြစ်ပြီး တံခါးများ၊ ပြတင်းပေါက်များ ၊ မျက်နှာကြက် ၊ ကြမ်းခင်း၊ အတွင်းအပြင်ဆေး စတာတွေ အားလုံးကလည်း နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြင့် ပစ္စည်းတွေကို မြန်မာ့ရေမြေ ရာသီဥတုနဲ့ အဆင်ပြေကိုက်ညီအောင် စနစ်တကျ အသုံးပြု ပေးထားတာကိုတွေ့ ရပါတယ်။ အခန်းအကျယ်အ၀န်းတွေကိုလည်း မာစတာအိပ်ခန်း၊ ရိုးရိုးအိပ်ခန်းတွေအပါအ၀င် အိပ်ခန်း အရေအတွက်ပါဝင်မှု ကို ၀ယ်ယူသူစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် စတုရန်းပေ (၉၄၇) ကနေ (၃၀၂၅) အထိ စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ သီးသန့်အနေနဲ့ Penthouse အခန်း (၈) ခန်းပါဝင်ပြီး ဒီ Penthouse တွေရဲ့ အကျယ်အ၀န်း ကတော့ စတုရန်းပေ (၆၆၆၃) ကနေ (၁၁၆၆၈) အထိ ကျယ်ဝန်း တဲ့အတွက် တကယ့်ကို Penthouse တစ်ခုရဲ့ အရသာနဲ့ ခံစား မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Room Decoration တွေကတော့ အခန်းတိုင်းအတွက် Fully Decorated အဖြစ် ၀ယ်ယူသူထံ အပ်နှံပေးသွားမှာ ဖြစ်သလို Kitchen Room တိုင်းမှာဆိုရင်လည်း Cabinet ၊ Electric Cooker ၊ Oven ၊ Exhaust Fan များ ၊ Bedroom အခန်း တိုင်းမှာလည်း Teak Floor ၊ Air-Con (Daikin) & Wardrobe များ၊ Bathroom တိုင်းတွင်လည်း Basin ၊ Shower & All Sanitary Ware (TOTO) ၊ Water Heater စတာတွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းတပ်ဆင်ပေးထားတာ ကလည်း အဆင့်မြင့်စနစ်တစ်ခုဖြစ်မှန်း သိသာစေပါတယ်။

More Details

68 Residence

Condo

ဗဟန်း|ရန်ကုန်တိုင်းဒေသကြီး

68 Residence ကို အထပ်ပေါင်း ၂၆ ထပ်ဖြင့် ဆောက်လုပ်ထားပြီး၊ ငလျင်ဒဏ် ၉ ရစ်ခ်ျတာစကေး ခံနိုင်ရည်ရှိကြောင်းနှင့် အဆောက်အဦး၏ နည်းပညာပိုင်းကိုလည်း နိုင်ငံခြားမှ ကျွမ်းကျင် ပညာရှင်များနှင့် တည်ဆောက်လျက်ရှိကြောင်း ကိုလည်း သိရသည်။68 Residence ကို အခန်းပေါင်း ၃၆၉ ခန်းဖြင့်ဖွဲ့စည်း တည်ဆောက်ထားပြီး၊ ၁၅၁ ခန်းကို Service Apartmant အနေဖြင့်ဆောင်ရွက် ထားကြောင်း၊ ရောင်းချမှု့ အပိုင်းတွင်လည်း ၇၀%ခန့် ရောင်းချထားပြီး ဖြစ်ကြောင်း ကိုလည်း သိရသည်။68 Residence ၏ အခန်း တည်ဆောက်မှု့ ပုံစံကို မှန်နှစ်ထပ် ပုံစံဖြင့် တည်ဆောက်ထားကြောင်းနှင့် တံခါးလော့ကို Smart Home ပုံစံဖြင့် ပြုလုပ် ထားကြောင်း သိရသည်။ ၀င်ဝင်ချင်း တဘက်တွင်လည်း မီးဖိုချောင်ကို ပြင်ဆင်ထားပြီး၊ ကျန်တဘက်ခန်းကို W/C အခန်း အဖြစ် ပြုလုပ်ထားသည်ကိုသိရသည်။အခန်းတွင်းရှိ Aircon၊ Lighting၊ Sound အစရှိသည် တို့ကိုလည်း တစ်နေရာတည်းမှ Tablet ဖြင့်ထိန်းချုပ်နိုင်သော System ကိုလည်း ပြုလုပ် ထားကြောင်း သိရသည်။ အခန်းဖွဲ့စည်းမှု့ ပုံစံတွင်လည်းသုံးခန်း ဖွဲ့စည်းထားပြီး Master Bedroom တစ်ခန်းနှင့် ပုံမှန် အခန်းနှစ်ခန်း ပါဝင် သည်ကိုလည်းတွေ့ရသည်။ စာကြည့်ခန်း တစ်ခန်းလည်း ပါဝင်ကြောင်းနှင့် Customer များမှ လိုအပ်၍ ပြန်လည် ပြင်ဆင်လိုပါကလည်း ဆောင်ရွက်ပေးကြောင်းလည်း သိရသည်။အခန်းတိုင်းကိုလည်း မီးလောင်လျှင် အလိုအလျောက် ရေ ဖြန်းပေးသော System ကို ပြုလုပ် ပေးထားပြီးအပြင် ဘက်တွင်လည်း လသာဆောင် စီစဉ်ပေးထား သည်ကိုလည်း တွေ့ရသည်။

More Details

Pinlon Village Residences

Condo

ဒဂုံမြို့ သစ် မြောက်ပိုင်း|ရန်ကုန်တိုင်းဒေသကြီး

Pinlon Village Residences ကို အမှတ် ၃/၁၊ ရှုခင်းသာလမ်းသွယ်၊ (၂၇) ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ တွင် Universal Construction Co.,Ltd မှတည်ဆောက်ထားပါသည်။ မြောက်ဒဂုံ ပင်လုံအိမ်ယာ၊ ပင်လုံဆေးရုံ၊ City Mart၊ ပင်လုံနှင်းဆီကိုယ်ပိုင်အထက်တန်းကျောင်း တို့နှင့် အနီးတဝိုက်မှာရှိတဲ့ Project တစ်ခုဖြစ်ပါသည်။ ဒီ Residences ဟာဆိုရင် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း နှင့် သုဝဏ္ဏ မြို့ နယ် တို့ကို အလွယ်တကူ သွားရောက်နိုင်သော လမ်းဆုံလမ်းခွ မှာ တည်ရှိနေတာပဲဖြစ်ပါတယ်။ အကျယ်အ၀န်း ၅ ဧကရှိတဲ့ ဂရန်မြေပေါ်တွင် လေးခန်းတွဲ လေးထပ်တိုက်အဖြစ် စုစုပေါင်း အဆောက်အအုံ ၁၀ လုံးကို ဆောက်လုပ်ထားပြီး အခန်းအရေအတွက် စုစုပေါင်း ၁၆၀ ပါဝင်မှာဖြစ်ပါ တယ်။ လေးထပ်အမြင့်သာ တည်ဆောက်ထားသော်လည်း ထူးခြားစွာ Pile Foundation နဲ့ တည် ဆောက်ထားတဲ့ အဆောက်အအုံများ ဖြစ်ပါတယ်။ Phase 1 နဲ့ Phase 2 ဆိုပြီး နှစ်ပိုင်းခွဲ တည်ဆောက်ထားကာ Phase 1 မှာဆိုရင်တော့ အခန်း စုစုပေါင်း (၁၁၂)ခန်း ပါဝင်မှာဖြစ်ပြီး Phase 2 မှာဆိုရင်တော့ အခန်းစုစုပေါင်း (၄၈)ခန်း ပါဝင်မှာ ဖြစ်ပါတယ်။ အခန်းအမျိုးအစားများအနေနဲ့ Unit A ၊ B ၊ C ဆိုပြီး သုံးမျိုးရှိကာ 1710 sqft ၊ 1820 sqft ၊ 1900 sqft ဆိုပြီး အသီးသီး ကျယ်ဝန်းကြပါတယ်။ခေတ်မီ Residence တစ်ခုဖြစ်တာနဲ့အညီ ကိုယ်ပိုင် ကားပါကင်၊ အဆင့်မြင့်ဓာတ်လှေကား၊ အပန်းဖြေအနားယူနိုင်မယ့် ရေကူးကန်၊ ကျန်းမာရေးနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်မယ့် ချွေးထုတ် ခန်းနှင့် Gym ခန်းမ၊ ကိုယ်ပိုင် Transformer ၊ လုံခြုံရေးအတွက် ၂၄ နာရီ Security System အချိန် မရွေး ၀ယ်ယူနိုင်မယ့် ၂၄ နာရီဖွင့်တဲ့ Convenice Store ၊ မိသားစုလိုက် အပန်းဖြေနိုင်မယ့် Family Mini Theater နဲ့ အဆင့်မီ ကလေးကစားကွင်းတို့ ပါဝင်မှာဖြစ်ပါတယ်။အေးဆေးသန့်ရှင်းပြီး သီးသန့်ဆန်တဲ့ Residence ဖြစ်တာကြောင့် နေထိုင်သူတွေအတွက် တိတ်ဆိတ်အေးချမ်းမှု အရသာကို ခံစားနိုင်မှာပါ။ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတာကြောင့် ရန်ကုန်မြို့ တွင်းကိုလည်း အချိန်အနည်းငယ်အတွင်းမှာ အရောက်သွားနိုင်မှာပါ။အနီးပတ်ဝန်းကျင်မှာလည်း ပင်လုံအိမ်ရာ၊ ပင်လုံဆေးရုံ၊ စီးတီးမတ်လို ဈေးဝယ်စင်တာတွေ ရှိတဲ့အပြင် ဈေး၊ ကျောင်းတွေနဲ့လည်း နီးနီးနားနားရှိတဲ့ Residence တစ်ခုဖြစ်ပါတယ်။တောင်ဒဂုံ၊ တောင်ဥက်္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတနဲ့ သုဝဏ်္ဏမြို့နယ်တို့ကို အလွယ်တကူ သွားရောက်နိုင်တဲ့နေရာဖြစ်တဲ့အပြင် ရန်ကုန်မြို့ပြင် လမ်းမကြီးများကိုလည်း အချိန်တိုအတွင်း ရောက်ရှိ နိုင်တဲ့ အချက်အခြာကျတဲ့ နေရာမှာတည်ရှိတာကြောင့် လူနေထိုင်မှုအတွက် အထူးသင့်လျော်တဲ့ Village Residence တစ်ခုဖြစ် ပါသည်။

More Details

အမှတ်(2) မေတ္တာလမ်း(13) ရပ်ကွက်၊တောင်ဥက္ကလာပမြို့ နယ်

Apartment

တောင်ဥက္ကလာပ|ရန်ကုန်တိုင်းဒေသကြီး

19x54 MBR-2, CCTV , Lift, မီးစက်

More Details

အမှတ်(962)သီလလမ်း

Apartment

တောင်ဥက္ကလာပ|ရန်ကုန်တိုင်းဒေသကြီး

17x54

More Details